Saturday, November 4, 2017

ယ​နေ့ပြည်​စက်​ရုံအမိုးများစတင်​ပြုပြင်​​နေပြီဖြစ်​ပါသည်​။

Tuesday, August 22, 2017

RBE2520 ပြုပြင်​​နေခြင်း

ပြည်​စက်​ရုံရှိ RBE 2520သည်​ 20.8.2017​နေ့တွင်​ Transmission မှထူးခြားသံထွက်​ခြင်း ၊ Transmission Oil ယိုစိမ့်​မှုများ​ခြင်းတို့​ကြောင်းပြုပြင်​နိုင်​ရန်​ရပ်​နားခဲ့သည်​။
အမှတ်​၆၁၀အစုန်​ရထားအား20.8.2017​နေ့မှစ၍RBE2513တစ်​​ခေါင်းတည်းဖြင့်​သာ​ပြေးဆွဲ​နေမည်​ဖြစ်​သည်​။
ယ​နေ့အချိန်​တွင်​RBE2520အားRBEစက်​ရုံမှကျွမ်းကျင်​ဝန်​ထမ်းများနှင့်​အတူပြုပြင်​​နေပြီဖြစ်​ပါသည်​။ပြုပြင်​မှုပြီးစီးပါကရထားပြန်​လည်​အသုံးပြုနိုင်​မည်​ဖြစ်​ပါသည်​။

Saturday, July 29, 2017

"WELCOME TO PYAY SHED"
မြန်မာ့မီးရထားသည်1877ခုနှစ်မေလ(၁)ရက်နေ့တွင်ရန်ကုန်မှပြည်သို့ရေနွေးငွေ့စက်ခေါင်းဖြင့်မောင်းနှင်သော
ရထားကိုစတင်ပြေးဆွဲခြင်းဖြင့်မြန်မာ့မီးရထားသမိုင်းကိုစတင်ခဲ့ပါသည်။ပြည်စက်ရုံအားရေနွေးငွေ့စက်ခေါင်းများ
နားနေရန်၊ကျောက်မီးသွေးဖြည့်တင်းရန်နှင့်ရေဖြည့်ရန်အတွက်ယာယီအဆောက်အဦအနေဖြင့်တည်ဆောက်ခဲ့ပြီး
1958ခုနှစ်ဇန်န၀ါရီလ(4)ရက်နေ့မှစတင်ပြီးဒီဇယ်စက်ခေါင်းများဖြင့်ပြောင်းလဲပြေးဆွဲခဲ့သဖြင့်ဒီဇယ်စက်ခေါင်းများ
စစ်ဆေးနိုင်ရန်အတွက်အဆင့်မြှင့်တင်ခြင်းအားဖြင့်1965ခုနှစ်မှစပြီးယခုလက်ရှိစက်ခေါင်းရုံအားအသစ်ဆောက်
လုပ်ခဲ့ပါသည်။